WIN စာနယ်ဇင်းဆိုင်ရာ ခေါင်းဆောင်မှုစွမ်းရည်ဆု

စာနယ်ဇင်းလောကရှိ အမျိုးသမီးများအတွက် ခေါင်းဆောင်မှုစွမ်းရည်ဆုသည် လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်ဆုဖြစ်ပြီး သတင်းတိုက်အတွက် အယ်ဒီတာ၏ ထူးချွန်သော အကျိုးပြုမှုများအပြင် သူမ၏ ခေါင်းဆောင်မှုဖြင့် သတင်းတိုက်က လူမှုအဖွဲ့အစည်းအပေါ် အကျိုးပြုမှုများကို အသိအမှတ်ပြုချီးမြှင့်ခြင်းဖြစ်သည်။

ယခုဆုကို အာဖရိက၊ အာရပ်ဒေသနှင့် အရှေ့တောင်အာရှရှိ ထူးချွန်သော အမျိုးသမီးအယ်ဒီတာ သုံးဦးသို့ ချီးမြှင့်မည်ဖြစ်ပြီး၊ ထိုသူတို့သည် အနာဂတ်ခေါင်းဆောင်များအတွက် လမ်းဖောက်ပေးရင်း လုပ်ငန်းနယ်ပယ်တူများအကြား စိတ်ခွန်အားတက်ဖွယ်ရာဖြစ်စေခဲ့သည့် ရှေ့ဆောင်ထူးချွန်သူများလည်း ဖြစ်ရမည်ဖြစ်သည်။

ဆုရရှိသူ (လော်ရီရိတ်)များသည် သူမ၏ သတင်းတိုက်အတွင်း အောင်မြင်မှုသက်သေများကို ရရှိပြီး၊ အလုပ်လုပ်ကိုင်ခဲ့သည့် သက်တမ်းတစ်လျှောက် စာနယ်ဇင်းကျင့်ဝတ်များ မဖောက်မပျက် ပြည့်စုံကာ၊ စာနယ်ဇင်းလွတ်လပ်ခွင့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာ၍ ဒီမိုကရေစီစနစ်နှင့် ကောင်းမွန်သော စီမံခန့်ခွဲမှုများကိုလည်း ယုံကြည်စွာ ထုတ်ဖော်သူဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှရေးကိုလည်း ကောင်းစွာ သရုပ်ပြလှုပ်ရှားသူဖြစ်ကာ လုပ်ငန်းခွင်အတွင်း တန်းတူညီမျှ အခွင့်အရေးကို ဖော်ဆောင်ရင် မိမိ၏ အဖွဲ့သားများအတွက် စံပြဦးဆောင်သူလည်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အကြီးတန်းအယ်ဒီတာရာထူးကို လက်ရှိ ထမ်းဆောင်နေသူများ အမည်စာရင်းတင်သွင်းရန်အတွက် အကျုံးဝင်သည်။ အာဖရိက၊ အာရပ်ဒေသနှင့် အရှေ့တောင်အာရှမှ မည်သည့်သတင်းမီဒီယာ အဖွဲ့အစည်းမဆို (သတင်းစာ၊ မဂ္ဂဇင်း၊ ဒစ်ဂျစ်တယ်)ဖြစ်စေ ပါဝင်လျှောက်ထားကြရန် တိုက်တွန်းပါသည်။

Applications are now closed.


You're required to login/register to submit the application.

CLICK HERE TO PROCEED