SIRI SEA Organisation - Myanmar - 2024

2020 ခုနှစ်မှာ စတင်ခဲ့တဲ့ လူမှုအကျိုးသက်ရောက်မှု အစီရင်ခံခြင်းအစပြုမှု (Social Impact Reporting Initiative) ဟာ အပြုသဘောဆောင်တဲ့ လူမှုရေးဆိုင်ရာသက်ရောက်မှုရှိစေတဲ့ ဇာတ်လမ်းတွေနဲ့ အတွေ့အကြုံနည်းပါးပြီး အားနည်းတဲ့ အသိုင်းအဝိုင်းတွေဆီကနေ ပင်မမီဒီယာတွေဆီသို့ ဇာတ်လမ်းတွေနဲ့ အမြင်တွေကို ယူဆောင်လာစေဖို့ ရည်ရွယ်ပါတယ်။ စတင်ထုတ်ဝေချိန်ကစပြီး ဇာတ်လမ်းပေါင်း တစ်ထောင်ကျော်ကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ယင်းတို့အနက်တစ်ခုစီက လူမှုရေး၊ လူ့အခွင့်အရေး သို့မဟုတ် ကျားမရေးရာတန်းတူညီမျှမှုဆိုင်ရာ ကိစ္စရပ်တွေကို ထွန်းလင်းတောက်ပစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

2024 ခုနှစ်အတွက် SIRI ထောက်ပံ့ကြေးရဲ့ ဆောင်ပုဒ်ကတော့ ‘ပါဝင်ခြင်း’ ဖြစ်ပြီး၊ ထိခိုက်လွယ်တဲ့ သို့မဟုတ် အန္တရာယ်ရှိတဲ့ လူမှုအဖွဲ့အစည်းတွေကို အထူးအလေးပေးခြင်းကြောင့် လူအများမြင်လွယ်သိလွယ်တဲ့ အကြောင်းအရာတွေဖြစ်လာစေပြီး အဲ့သည့် အတွေ့အကြုံတွေ၊ ပိုပြီး ကွဲပြားတဲ့ အမြင်တွေနဲ့ အတွေ့အကြုံတွေကို ယူဆောင်လာစေနိုင်ဖို့ ရည်ရွယ်ပါတယ်။ အထူးပြုအကြောင်းအရာတွေကို ဖန်တီးတဲ့အခါ မသိစိတ်ကနေ ဘက်လိုက်တာမျိုးတွေ၊ ဘာသာရေး၊ ဘာသာစကားနဲ့ လူနည်းစုအခွင့်အရေးတွေကို ဆန်းစစ်တာတွေ၊ လုပ်ငန်းခွင်နဲ့ လူ့အဖွဲ့အစည်းမှာ စွမ်းဆောင်နိုင်မှု၊ LGBTQIA+ ပြဿနာတွေရှိနေပါတယ်။ ဒါတွေအပြင် တန်းတူညီမျှမှုနဲ့ ပေါင်းစည်းမှုအတွက် လှုပ်ရှားနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်တွေကို ဆက်လက်စိန်ခေါ်နေတဲ့ ကျယ်ပြန့်တဲ့ ပြဿနာတွေ ပါဝင်နိုင်ပါတယ်။ 

လျှောက်ထားခြင်းအဆင့်များ။

ပါဝင်ခွင့်ရှိသူများ
ပါတနာဖြစ်ရန်လိုအပ်။ ပါဝင်လိုသူသည် လက်ရှိ WIN Advisory ပါတနာဖြစ်ရပါမည်
လျှောက်လွှာဖောင်။ သင် ဦးတည်အထူးပြုမည့် အကြောင်းအရာနှင့် လုပ်ငန်းစဥ် တင်ပြမှုအကြောင်း အပြည့်အစုံနှင့် SIRI လျှောက်လွှာကိုဖြည့်စွက်ပါ။

ကနဦးရွေးချယ်ခြင်း
လျှောက်လွှာအောင်မြင်လျှင် ကနဦးရွေးချယ်မှုအဆင့်သို့ရောက်ရှိပြီး ယင်းအဆင့်သို့ရောက်ရှိပါက
၄ ပတ်ဆက်တိုက် တစ်ပတ်လျှင် ဆောင်းပါး အပုဒ် ၅၀ ကို WIN Gender Balance Tracker သုံးပြီးစစ်ဆေးရမည်
ယင်း ၄ ပတ်တာအတွက် တစ်ပတ်လျှင် ရီပို့ ၁ ခု အီးမေးလ်ဖြင့် တင်ပေးရမည်။

စိစစ်ခြင်းနှင့် ရွေးချယ်လက်ခံခြင်း
Gender Balance Tracking ကိုမူတည်၍ ရွေးချယ်ခြင်းမဟုတ်ပါ။ ယခုအဆင့်သည် ထောက်ပံ့ကြေးကာလတစ်လျှောက် လုပ်ဆောင်ရမည့် တာဝန်ကို သေချာစေရန်ဖြစ်ပြီး တိုးတက်မှုအဆင့်များအတွက် အခြေခံမှတ်တမ်းအတွက် ဖြစ်သည်။

စာရင်းသွင်းခြင်းနှင့် သဘောတူစာချုပ်ရေးထိုးခြင်း
ကနဦးရွေးချယ်ခံထားရပြီး tracking ကိုလုပ်ဆောင်ပြီးစီး၍ gender balance reports ကို အချိန်မီတင်နိုင်ပါက SIRI grant အစီအစဥ်အတွက် စာရင်းသွင်းခြင်းရရှိပါမည်။ ယင်းသို့စာရင်းသွင်းပြီးပါက စာချုပ်လက်မှတ်ရေးထိုးရပါမည်။

SIRI ပါတနာများသည် အောက်ပါတိုင်း ပြည့်စုံသောထောက်ပံ့မှုနှင့် ရင်းမြစ်များကို သုံးစွဲနိုင်မည်ဖြစ်သည်။

ထောက်ပံ့ကြေးငွေ။ ဂျန်ဒါပါဝင်မှုအပေါ် အာရုံစိုက်သည့် အနည်းဆုံး အကြောင်းအရာ 10 ခုကို ထုတ်လုပ်ရန် ယူရို ၅,၀၀၀ ထောက်ပံ့သည်။ ဥပမာ- လိင်၊ အသက်၊ မသန်စွမ်းမှု၊ ဘာသာစကား သို့မဟုတ် ပါတနာမှ ရွေးချယ်ထားသော အခြားကွဲပြားမှုအမျိုးအစားများ ပါဝင်သည်။

အထူးပြုလေ့ကျင့်ရေး။ WIN ၏ ကျားမတန်းတူညီမျှမှုနှင့် ပါဝင်မှုဆိုင်ရာ ကျွမ်းကျင်သူများသည် အဓိကကျသော ကဏ္ဍနှစ်ရပ်အတွက် လေ့ကျင့်ရေးသင်တန်းများကို ပြုလုပ်မည်။
အပိုင်း 1 တွင် ကျားမတန်းတူညီမျှမှုနှင့် ပါဝင်မှု- ကျား-မတန်းတူရေး၊ မတူကွဲပြားမှုနှင့် ပါဝင်မှုအခြေခံမူများကို အကြောင်းအရာဖန်တီးမှုအဖြစ် ပေါင်းစပ်နည်း။
အပိုင်း 2 တွင် ပါဝင်ခြင်း- ကျားမတန်းတူညီမျှမှု၊ ကွဲပြားမှုနှင့် အာရုံခံစားသိရှိမှုတို့ဖြင့် ပါဝင်မှုအပေါ် အစီရင်ခံခြင်း

3-Month Mentorship။ ပါတနာများသည် မတူကွဲပြားမှုနှင့် ပေါင်းစည်းမှုအတွက် အကြီးတန်းသင်တန်းဆရာ၊ Myra Abdallah မှ သုံးလကြာ ပံ့ပိုးကူညီမှုနှင့် လမ်းညွှန်မှုမှ အကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။

10 August, 2024 နောက်ဆုံးလျှောက်ထားရန် 

Applications now closed.


You're required to login/register to submit the application.

CLICK HERE TO PROCEED


يجب إنشاء حساب أو تسجيل الدخول لتقديم الطلب 

انقر/ي هنا للمضي قدما