ခေါင်းဆောင်မှုမြှင့်တင်ရေး တန်းမြင့်အစီအစဥ် ၂၀၂၃
သင့်ရဲ့ခေါင်းဆောင်နိုင်စွမ်းအလားအလာများကို WIN-IFRA WIN, ခေါင်းဆောင်မှုမြှင့်တင်ရေး တန်းမြင့်အစီအစဥ်နှင့်အတူ လမ်းဖွင့်လိုက်ပါ။
သင့်ရဲ့ခေါင်းဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးမယ့် အသွင်ပြောင်းအတွေ့အကြုံတစ်ခုကို ရှာဖွေလိုက်ပါ။ သည်အစီအစဥ်ဟာ ခေါင်းဆောင်မှုမဟာဗျူဟာကျွမ်းကျင်မှုများကို ပျိုးထောင်ပေးဖို့နဲ့ သင့်ရဲ့အဖွဲ့အစည်းအတွင်းမှာ ထိရောက်တဲ့ပြောင်းလဲမှုများဖြစ်ပေါ်လာရန် အထောက်အကူဖြစ်လာအောင် အားဖြည့်ပေးဖို့ ရေးဆွဲထားတာဖြစ်ပါတယ်။
သံစုံတီးဝိုင်းတစ်ခုရဲ့ ခေါင်းဆောင်ကဲ့သို့ သင့်အဖွဲ့အစည်းရဲ့ ဗျူဟာအထမြောက်အောင် ရင်းမြစ်များကို ပဲ့ကိုင်ချိတ်ဆက်ပေးတဲ့ မဟာဗျူဟာခေါင်းဆောင်တစ်ယောက်အဖြစ် သင့်ကိုယ်သင် တွေးကြည့်လိုက်ပါ။ အပြောင်းအလဲလုပ်ဆောင်သူတစ်ဦးအနေနဲ့ သင်ဟာ သင့်အဖွဲ့အစည်းရဲ့ ပန်းတိုင်များနဲ့ ရည်မှန်းချက်များပြည့်မှီနိုင်အောင် အပြောင်းအလဲလုပ်ဆောင်တဲ့နေရာမှာ တွန်းအားအဖြစ်ရှိနေမှာဖြစ်ပါတယ်။
သင့်ရဲ့ခေါင်းဆောင်နိုင်စွမ်းကို မြှင့်တင်ဖို့၊ ဗဟုသုတဖြန့်ကျက်ဖို့နှင့် သင့်ရဲ့အခန်းကဏ္ဍမှာ ပိုမိုထိရောက်ပြီး မဟာဗျူဟာကျတဲ့ခေါင်းဆောင်ဖြစ်လာဖို့အတွက် သည်အခွင့်အရေးကို ဖမ်းဆုပ်လိုက်ပါ။ သင့်ရဲ့အသင်းအဖွဲ့နဲ့ အဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ပြီး သင်ရည်ရွယ်ထားတဲ့၊ လွှမ်းမိုး၊ လှုံ့ဆော်နိုင်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်မယ့် အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပါ။
ဤတိုးတက်ရေးနဲ့ အားဖြည့်ရေးခရီးစဥ်မှာ အတူပူးပေါင်းလိုက်ပါ။
သင်ဖြစ်ချင်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာဖို့ အခုပဲစာရင်းပေးသွင်းလိုက်ပါ။